Monday, November 22, 2010
Friday, December 25, 2009
Tuesday, December 22, 2009
Thursday, April 16, 2009
ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲသမိုင်းများ။ (စာမူကြမ်း)
မောင်အောင်ဆန်း(ကိုအောင်ဆန်း)၏ ကျောင်းသားဘ၀ ရက်စွဲသမိုင်း။
၁၉၁၅၊ ဖေဖ၀ါရီ ၁၃ စနေနေ့။ ။ (၁၂၇၆-ခု၊ တပေါင်းလဆန်း ၁ ရက်)လင်းအားကြီးအချိန်တွင် နတ်မောက်မြို့၌ အဖ ဦးဖာ အမိ ဒေါ်စုတို့မှ ဖွားမြင်။ ငယ်စဉ် ထိန်လင်းဟုခေါ်၍ အစ်ကို အောင်သန်းအမည်နှင့်လိုက်ရန် အောင်ဆန်းဟု ခေါ်တွင် အမည် တပ်ပေးခဲ့သည်။
၁၉၂၂ ။ ။ အသက် ခုနှစ်နှစ်အရွယ် နတ်မောက်မြို့ ဒီပင်္ကရာကျောင်း ခေါ် ဆရာတော်ဦးသောဘိတ ကျောင်းတွင်ပညာ စသင်။
၁၉၂၆ ။ ။ အသက် ၁၁ နှစ်အရွယ်တွင် ရှင်သာမဏေပြု။
၁၉၂၈ ။ ။ အသက် ၁၃ နှစ်အရွယ်တွင် နတ်မောက်ကျောင်းမှ မြန်မာလို ခြောက်တန်းအောင်။
၁၉၂၈ ။ ။ အသက် ၁၃ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း(နေရှင်နယ်ကျောင်း) တွင်ပညာသင်။
၁၉၃၀ ။ ။ အင်္ဂလိပ် မြန်မာ ၇-တန်းစာမေးပွဲကို စကောလားရှစ်နှင့်အောင်၍ တလလျှင် ၁၀ကျပ် ချီးမြှင့်ခံရ။
၁၉၃၁ မေ ၁၈ ။ ။ ဖခင်ဦးဖာ နတ်မောက်မြို့တွင်ကွယ်လွန်။( မိခင် ဒေါ်စုသည် အသက် ၇၅-နှစ်အရွယ် ၁၉၅၁-ခု ဒီဇင်ဘာ ၃-ရက်တွင် နတ်မောက်၌ပင် ကွယ်လွန်သည်)။
၁၉၃၂ ။ ။ ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း မှ အင်္ဂလိပ် မြန်မာ ၁၀တန်း စာမေးပွဲ ကို (က) တန်းမှ မြန်မာစာ နှင့် ပါဠိဘာသာ ဂုဏ်ထူးဖြင့် အောင်သည်။
ကိုအောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘ၀ ရက်စွဲသမိုင်း။
၁၉၃၂ ။ ။ ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။

Monday, December 1, 2008
ကမ္ဘာသိမြန်မာ့ခေါင်းဆောင်သုံးဦးတို့၏ ဘ၀နှင့်သမိုင်း။
ကမ္ဘာသိမြန်မာ့ခေါင်းဆောင်သုံးဦးဖြစ်သည့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်ဦးနု၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် တို့၏ ဘ၀နှင့်သမိုင်းကို တတ်နိုင်သမျှ ပြည့်စုံစွာမှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ မည်သူမဆိုလိုအပ်သလို အလွယ်တကူ ရည်ညွှန်းကိုးကားနိုင်ကြစေရန်ဖြစ်ပါသည်။ စာအုပ်စာတမ်း၊ ဓါတ်ပုံမြေပုံ၊ လက်ရေးလက်သား၊ အသုံးအဆောင်၊ အသံမှတ်တမ်း၊ ရုပ်ရှင်မှတ်တမ်း၊ စသည်များထည့်သွင်းနိုင်ရန်ရည်ရွယ်ပါသည်။ လိုအပ်သည်များညွှန်ပြကူညီကြစေလိုပါသည်။
Subscribe to:
Posts (Atom)